မြန်အောင်    ဇူလိုင်    ၆

မြန်အောင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားအသက် ၂၃ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အောင်ဇေယျအားကစားခန်းမ၌ ကျင်းပ သည်။

ဦးစွာ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက အမှာစကားပြောကြားပြီး တာဝန်ရှိသူများအား အားကစားအထောက်အကူပစ္စည်းများ ပေးအပ်သည်။

အဆိုပါပြိုင်ပွဲသို့ မြန်အောင်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၃)အုပ်စုအတွင်းရှိ မြို့မ တိုက်နယ်(၁)၊ တာခွတိုက်နယ်၊ ကနောင်တိုက်နယ်၊ အင်ပင်တိုက်နယ်၊ သပြေကုန်းတိုက်နယ်၊ တောင်ရိုးတိုက်နယ်၊ ရွှေကျင်တိုက်နယ်၊ တိုက်နယ်အလိုက်  လက်ရွေးစင်အသင်း ရှစ်သင်း ဖွဲ့စည်း၍ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပထမပွဲစဉ်အဖြစ် တောင်ရိုးတိုက်နယ်အသင်းနှင့် မြို့မတိုက်နယ်အသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားပရိသတ်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဧရာဦးသာ