ဂျကာတာ   ဇူလိုင်   ၇

အင်ဒိုနီးရှားသမ္မတ  ပရာဘိုဝို  ဆူဘီယန်တိုနှင့်   အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီတို့သည် ဇူလိုင် ၇ ရက်က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရန် သဘောတူခဲ့ကြပြီး နိုင်ငံရေး၊ ကုန်သွယ်ရေး၊ လုံခြုံရေး၊ ပညာရေး၊  ကျန်းမာရေး၊  စွမ်းအင်နှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပိုမိုနီးကပ်စွာ  ပူးပေါင်း ဆောင်ရွက်သွားမည့်  ကတိကဝတ်ကိုလည်း ထပ်မံအတည်ပြုခဲ့ကြသည်။

အိန္ဒိယဝန်ကြီးချုပ်၏ ဂျကာတာသို့ သွားရောက်သည့် နိုင်ငံတော်ခရီးစဉ်အတွင်း အဆိုပါ သဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရ ဆက်သွယ်ရေးအေဂျင်စီက အတည်ပြုထုတ်ပြန်ခဲ့သည်။

အဆင့်မြင့်ခေါင်းဆောင်များကြား တွေ့ဆုံဖလှယ်မှုများကို မကြာခဏပြုလုပ်ခြင်း၊ နှစ်နိုင်ငံကြား ညှိနှိုင်းဆွေးနွေးမှုယန္တရားများကို ပိုမိုခိုင်မာစေခြင်းနှင့် အဖွဲ့အစည်းအချင်းချင်း ဆက်သွယ်ပူးပေါင်းမှုကို ပိုမိုနီးကပ်စေခြင်းတို့မှတစ်ဆင့် နှစ်နိုင်ငံအကြား နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့ရန်လည်း သဘောတူခဲ့ကြသည်။                    

ဆင်ဟွာ