ဘရာဇီးအသင်းတိုက်စစ်ကစားသမား နေမာသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် နော်ဝေအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ၎င်း၏ နိုင်ငံတကာကစားသမားဘဝ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘရာဇီးအသင်းနှင့် ပွဲဦးထွက်ကို ၂၀၁၀ ပြည့်နှစ်တွင်စတင်ခဲ့သော အသက် ၃၄ နှစ်အရွယ် နေမာသည် အသင်းအတွက် ပွဲပေါင်း ၁၃၀ တွင် သွင်းဂိုးပေါင်း ၈၀ အထိ သွင်းယူနိုင်ခဲ့သည်။ နေမာသည် ယခုနှစ် ကမ္ဘာ့ဖလားမတိုင်မီအထိ ထိခိုက်ဒဏ်ရာများဖြင့် ရုန်းကန်နေခဲ့ရပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်း ဘရာဇီးအသင်းတွင် ပါဝင်ကစားပေးထားခြင်းမရှိပေ။
၎င်းသည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လေးကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။
မိုးဇက်


