ပခုက္ကူ ဇူလိုင် ၈

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ ကျောင်းအခြေပြု ပဏာမ မျက်စိကျန်းမာရေး စမ်းသပ်စစ်ဆေးမှုလုပ်ငန်းကို အမှတ်(၅)အခြေခံ ပညာမူလတန်း(လွန်)ကျောင်း၌ ယနေ့တွင် ကွင်းဆင်းဆောင်ရွက်ပေးရာ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား ကျောင်းသူ ၄၆၄ ဦးအား မျက်စိအမြင်အာရုံချို့ယွင်းမှု ရှိ/ မရှိ၊ အဝေးမှုန်ခြင်းရှိ/မရှိ၊ အနီးမှုန်ခြင်းရှိ/မရှိ တို့ကို စမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။       

ဘာမီသာ(ပခုက္ကူ)