ရန်ကုန် ဇူလိုင် ၈

 

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးစပါး စိုက်ဧကများပြည့်မီရေး၊ စပါးပန်းတိုင်အထွက်နှုန်းများရရှိအောင် ကြိုးပမ်းရေး၊ မျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးပွဲနှင့်  သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကမာပါကျေးရွာ တောင်သူဒေါ်သဇင်မင်းလွင်၏ လယ်မြေ၌ ပြုလုပ်သည်။

 

ဦးစွာ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များကို ပေးအပ်ကြသည်။ ထို့နောက် ကမာပါကျေးရွာ ကွင်းအမှတ်(၃၇၁) တောင်သူဒေါ်သဇင်မင်းလွင်၏ လယ်မြေတွင် မျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးပြီး ငွေနှင်းမှို အောင်မြင်ဖြစ်ထွန်းမှုနှင့် ရိုဗက်စတာကော်ဖီပင် ပျိုးထောင်ထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)