ပဲခူး ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကျုံပကန်-ကန်ကုန်း မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်က ဝက်မွေးမြူရေး ဆောင်ရွက်သော သမဝါယမအသင်းသားများအား ချေးငွေပေးအပ်ပွဲကို ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းက ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
အဆိုပါပေးအပ်ပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးပိုင်စိုးအောင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာခိုင်စံပယ်မြင့်၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးဝင်းကြည်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အသင်းသား ၂၂ ဦး၊ ဝက်ကောင်ရေ ၆၁ ကောင်အတွက် ပံ့ပိုးငွေကျပ် ၃၀ ဒသမ ၅၀ သန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


