သာစည် ဇူလိုင် ၈

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက  တာဝန်ယူ ဆောင်ရွက်လျက်ရှိသော သာစည် - ညောင်ရမ်းလမ်းမှ အင်းဝင်းလမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ဇူလိုင် ၅ ရက်က မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

သာစည် - ညောင်ရမ်းလမ်းမှ အင်းဝင်းလမ်းသည် သာစည်မြို့သို့ အဓိက ဆက်သွယ်ထားသော သာစည် - ညောင်ရမ်းလမ်းနှင့် ချိတ်ဆက်ထားသောလမ်းဖြစ်ပြီး ဆောင်ရွက်ပြီးပါက ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)