ဝမ်းတွင်း ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ ကူဘိုတာ ကောက်စိုက်စက်နှင့် တွဲဖက် အသုံးပြုသည့် စပါးမျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြခြင်းကို ယနေ့တွင် အင်ကန်းကုန်းကျေးရွာ တောင်သူ ဦးသန်းလွင်၏ လယ်မြေနှစ်ဧက၌ ကျင်းပသည်။
ဦးစွာ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ထက်ဇော်က စပါးမျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စက်ပိုင်းဆိုင်ရာ အချက်အလက်များနှင့် စိုက်ပျိုးရာတွင် သတိပြုရမည့် အချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် စပါးမျိုးစေ့ချ ကိရိယာဖြင့် မိုးစပါး(ဧရာမင်း)စိုက်ပျိုးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အင်းခမ်းကြီးကျေးရွာ၊ အင်ကန်း ကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာမှ ဒေသခံတောင်သူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


