မြန်အောင် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဧရာသီရိခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြန်အောင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦး၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဧရာဦးသာ


