နေပြည်တော် ၂၇ မတ်
၂၀၁၉ ခုနှစ် မတ် (၂၇)ရက်နေ့ မြန်မာစံတော်ချိန် (၂၃)နာရီ (ဝ၉)မိနစ် (၁၉) စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၉၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တောင်ကုတ်မြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၁၈ ဒသမ ၉၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၃၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN