မြိတ် ဇူလိုင် ၉

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် များနှင့် UID ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် အထက(၇) နှင့် အထက(၂)ကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

ကြည့်ရှုအားပေး

ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူ ခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းလင်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးနေမှုကို လွှတ်တော်ကိုယ်စားလှယ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကို ကျောင်းသား ကျောင်းသူများအား ပေးအပ်ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)