ဘားအံ ဇူလိုင် ၉
တိုင်းရင်းသားဘာသာ စာပေသင် ဆရာ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၅/၂၀၂၆) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး တိုင်းရင်းသား ဘာသာစာပေသင် ဆရာ ဆရာမများအတွက် ငွေကျပ် ၁၆၈၀၀၀၀ ကို ပေးအပ်သည်။
ဂုဏ်ပြုဆုများ ပေးအပ်
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက တိုင်းရင်းသားဘာသာစာပေသင် ဆရာ ဆရာမများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုများ ပေးအပ်သည်။
အဆိုပါ ဆွေးနွေးပွဲကို ၂၆ ရက်ကြာ ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


