လစ္စဘွန်း   ဇူလိုင်  ၉

ပေါ်တူဂီနိုင်ငံသို့   ၂၀၂၅  ခုနှစ်အတွင်း  နိုင်ငံတကာခရီးသွား ၂၉ ဒသမ ၉ သန်း လာရောက်ခဲ့ပြီး ယင်းအရေအတွက်မှာ ၂၀၂၄ ခုနှစ်ကထက် ၃  ဒသမ  ၃  ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာနက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်သည်။

စပိန်နိုင်ငံသည်  စုစုပေါင်းခရီးသည် ဝင်ရောက်မှု၏ ၂၃ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အဓိက ခရီးသွားအရင်းအမြစ် ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေသော်လည်း လာရောက်သူအရေအတွက်မှာ  ၀ ဒသမ ၆ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။ ယင်းနောက်တွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က အစဉ်လိုက် ရပ်တည်လျက်ရှိသည်။                  

ဆင်ဟွာ