ပဲခူး ဇူလိုင် ၉
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟို ကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးရေး” အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် အထက သနပ်ပင်၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းက အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောင်းဗလာစာအုပ်များ၊ လက်ဆွဲအိတ်များ၊ အားကစား ပစ္စည်းများ၊ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ဦးစီးဌာန၌ ဂစ်တာတီးသင်တန်း၊ ကွန်ပျူတာ သင်တန်း၊ ကိုယ်ကာယလေ့ကျင့်ခန်း သင်တန်းဖွင့်လှစ်သင်ကြားနေမှုများကို ကြည့်ရှုပြီး စာကြည့်တိုက်၌ လူငယ်များနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


