ဇူလိုင် ၁၀
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ပို့ကုန် ၁၉ ဒသမ ၅ ရာခိုင်နှုန်း ယခင်နှစ်ကထက် မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့သော အကောက်ခွန်နှင့် ယစ်မျိုးဌာန၏ အစီရင်ခံစာအရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ နိုင်ငံ၏ သွင်းကုန်များသည် ယခင်နှစ်ကထက် ၂၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၇ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ တိုးတက်မှုသည် ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး မိတ်ဖက်သဘောတူညီချက်နှင့် အခြားနိုင်ငံများနှင့် ချုပ်ဆိုထားသော နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ ကြောင့်ဖြစ်သည်ဟု ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ဒေသတွင်းနှင့် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်များသည် ကမ္ဘောဒီးယားထုတ်ကုန်များကို အကောက်ခွန်အထူးလျှော့ပေါ့ခံစားခွင့်နှင့် ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ် တစ်ခုအဖြစ် ပံ့ပိုးပေးလျက်ရှိကြောင်း ၎င်းက ဆင်ဟွာ သတင်းဌာနကို ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


