ရေတာရှည် ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့နံနက်ပိုင်းတွင် တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများက ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးသည်။
တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်၊ သူနာပြုဆရာမများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ဆေးကုသရာသို့ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ရေတာရှည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အသင်းဝင်များက ဆေးကုသပေးနေမှုများကို ကြည့်ရူ၍ လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ဆေးကုသသူများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


