ဇူလိုင် ၁၃

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချတူချက်ခရိုင် လက်ဖရွာလမ်းအနီးရှိ ဘားတစ်ခုတွင် ယမန်နေ့နှောင်းပိုင်းက မီးလောင်မှုကြောင့် လူ ၂၇ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။

ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၇ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် မီးငြိမ်းသွားခဲ့သည်ဟုသိရသည်။ ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်သည် ယနေ့ နံနက် ၁ နာရီ ၄၄ မိနစ်ခန့်တွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီး သေဆုံးသူအများစုသည် မီးခိုးငွေ့ရှူရှိုက်မိခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုမီးလောင်မှုဖြစ်ပွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို