မန္တလေး ၂၈ မတ်


မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကျေးရွာတွင် E-ASIA Project အစီအစဉ်အရ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်း အင်ဖြင့် ကျေးလက်လျှပ်စစ်မီး ရရှိရေးအတွက် အိမ်ထောင်စု ၁၀ဝ ကို မတ်လ ၂၇ ရက် နံနက်ပိုင်းက  စစ်တမ်း ကောက်ယူခဲ့ကြောင်း သိရသည်။

 

1


E-ASIA Project သည် ဂျပန်နိုင်ငံ အပါအဝင် အာဆီယံ ၅ နိုင်ငံ စုပေါင်းထားသည့် အဖွဲ့ဖြစ်ပြီး လျှပ်စစ်မီးပေးနိုင်မည့် အစီအစဉ်အတွက် စစ်တမ်းကောက်ယူခြင်း ဖြစ်သည်။


“အာဆီယံ ၅ နိုင်ငံက ပူးပေါင်း လုပ်ဆောင်တဲ့ Project ဖြစ်တယ်။ လျှပ်စစ်မီး မရရှိသေးတဲ့ နေရာတွေမှာ ပြန် လည်ပြည့်ဖြိုးမြဲ စွမ်းအင်နဲ့ လျှပ်စစ်မီး ရဖို့ပါ။E-Asia ရဲ ထောက်ပံ့ရန်ပုံငွေနဲ့လုပ်မှာ ဖြစ်တယ်။ Solar တို့ Hydro Power စတဲ့ စွမ်းအင်အရင်းအမြစ်တွေကနေ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အဖြစ် လျှပ်စစ်မီသုံး စွဲနေကြတယ်” ဟု Mrs.Andante Hadi Pandyaswargo (Doctor of Engineering) (WASEDA University of Tokyo, Japan) က ပြောသည်။


တဲကုန်းကျေးရွာရှိ အိမ်ထောင်စု ၁၀ဝ မှ တက်ရောက်လာသော ဒေသခံများ၏ လျှပ်စစ်ဓါတ်အားနှင့် ပတ်သက်သည့် သုံးစွဲမှု၊ လိုအပ်ချက် အနေအထား၊ သုံးစွဲမည့် ပုံစံများကို စစ်တမ်းကောက်ယူခြင်းနှင့် ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။


E-ASIA ပရောက်ဂျက်သည် မြန်မာနိုင်ငံ အစိုးရနှင့် ဂျပန်အစိုးရတို့ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး Japanese Science Technology-JST မှ ကျေးရွာများ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်