လက်ပံတန်း ၂၈ မတ် 


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့ နံနက် ၉ နာရီက မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါလေ့ကျင့်မှုသည် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် လုံခြုံစိတ်ချရမှု၊ အရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို အစမ်းလေ့ကျင့်ခြင်းဖြစ်ပြီး မြို့မဈေးတွင်းရှိ ဈေးဆိုင်ခန်းများ၊ ကုန်ပစ္စည်းများ၊ ဈေးသူဈေးသားများ ဘေးကင်းလုံခြုံမှုအတွက် ယုံကြည်စိတ်ချရမှုတို့ကို စဉ်ဆက်မပြတ် သိရှိနားလည်နိုင်စေရန် ဆောင်ရွက်ခြင်း ဖြစ်သည်။


အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးအောင်စိုး၊ စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးခိုင်၊ မြို့မဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများမှ လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်(ပြန်/ဆက်) မှ သိရသည်။


MDN