ဘားအံ ဇူလိုင် ၁၄
ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ထော် ကျေးရွာအုပ်စု တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့အေးရိပ်သာ နာယကချုပ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သီရိပျံချီဒေါက်တာ ဘဒ္ဒန္တပညာသာမိ၏ (၆၆) နှစ်မြောက် ဝိဇာတ(မွေးနေ့) အလှူတော်ကို ယနေ့နံနက်ပိုင်းက တောင်ကလေးပရိယတ္တိစာသင်တိုက် ပရိဝုဏ်အတွင်း ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်ကြည်ညိုသည်။
ဦးစွာ ဆရာတော်ကြီးထံ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော်၏ ဝိဇာတအလှူတော်အဖြစ် ငှက်အကောင်ရေ ၁၀၈၀ ကို ဘေးမဲ့ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


