မကွေး ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ ကမ်းနားလမ်း နန်းထိုက်သူဟိုတယ်အနီး ဧရာဝတီ မြစ်ကမ်းစပ်၌ ကျင်းပသည်။
စိုက်ထည့်ပေး
ငါးမျိုးစိုက်ထည့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဧရာဝတီမြစ်အတွင်း ငါးမျိုးကောင်ရေ လေးသိန်း ကို စိုက်ထည့်ပေးကြသည်။
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်း ငါးမျိုးကောင်ရေ ၁၁ သိန်းကျော် စိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


