မန္တလေး ၂၈ မတ်

 


မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၏ မြောက်ဘက် ၂ မိုင် ၄ ဖာလုံ၊ မန္တလေးမြို့၏ အနောက်တောင်ဘက် မိုင် (၂၀) ခန့်အကွာ၊ ဧရာဝတီမြစ် နှင့် ဒုဌဝတီမြစ် (မြစ်ငယ်မြစ်) တို့ဆုံရာတွင် တည်ရှိသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များတည်ရှိရာ အင်းဝမြို့ဟောင်းဒေသသည် ပြည်တွင်းပြည်ပ ခရီးသွားများအား  အထူးဆွဲဆောင်လျက်ရှိပြီး လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။

 

ေ

 

 

န

 

အင်းဝမြို့သည် သက္ကရာဇ် (၇၂၆) ခုနှစ်တွင် သတိုးမင်းဖျားစတင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း(၄၀ဝ)ကြာ နန်းစိုက်ခဲ့သော မြို့ဟောင်းတစ်ခုဖြစ်သည်။ စာပေအထောက်အထားများအရ ခေတ်ကာလ (၄) ခု ပိုင်းခြားထားပြီး မင်းဆက် (၃၁) ဆက် ထီးနန်းစိုးစံခဲ့ကြသည်။ ခေတ်အဆက်ဆက် (၈) ကြိမ် နန်းတည်ခဲ့ပြီး ရှေးဟောင်းသာသနိက အဆောက်အဦးများ၊ နန်းတော်ဆောင်၊ မြို့ရိုးနှင့် ပြသာဒ်တို့၏ တည်ဆောက်ပုံ နှင့် လက်ရာများသည် ခေတ်အလိုက် ထူးခြားပြောင်းလဲမှုရှိသည်ကို တွေ့ရသည်။ 

 

ိ

 

အင်းဝမြို့ဟောင်းတွင် နံရံဆေးရေးပန်းချီများ ရှိသော ဘုရား(၅)ဆူ၊ ရှေးဟောင်းကျောက်စာ ရှိသောဘုရား (၇) ဆူ နှင့် ကြေးခေါင်းလောင်းစာရှိသောဘုရား (၃) ဆူ၊ ရှေးဟောင်း အဆောက်အဦ စုစုပေါင်း (၆၂၄) ခု ရှိကြောင်း မှတ်တမ်းများအရ သိရပြီး ယခုအခါ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်မှုများပြားလျက် ရှိကြောင်းသိရသည်။

 


သန်းဇော်မင်း(ပြန်/ဆက်)
 

 

န

 

 

န