ဘန်ဒါဆရီဘီဂါဝမ် ဇူလိုင် ၁၉
ဘရူနိုင်းနိုင်ငံ ဘီလိတ်ခရိုင်တွင် ယမန်နေ့က ရင်သပ်ရှုမောဖွယ်ကောင်းသော ဒရုန်းပြသမှုတစ်ခုကို ပြုလုပ်ခဲ့ရာ လူပေါင်းရာနှင့်ချီ၍ လာရောက်ကြည့်ရှု ခဲ့ကြသည်။
အဆိုပါပွဲကို “Imagine Drone Show Tour” ၏ တရားဝင်စတင်ခြင်း အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်သည်။ ဒရုန်းအလှပြသပွဲကို ဘရူနိုင်းနိုင်ငံ၏ အခြားခရိုင်များတွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ ဒရုန်းပြသမှုကို ဘရူနိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် Hengyi Industries တို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်သည်။
နည်းပညာ၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဒေသတွင်း အနုပညာဖျော်ဖြေတင်ဆက်မှုများကို ပေါင်းစပ်ခြင်းနှင့်အတူ ဘရူနိုင်းနိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များကို ပြသခြင်းဖြင့် စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန်ရည်ရွယ်ပြီး အဆိုပါ ဒရုန်းပြသပွဲကို ကျင်းပခြင်းဖြစ်ကြောင်း စီစဉ်သူများက ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


