ရန်ကုန် ဇူလိုင် ၂၀
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ - ၁၉ လူငယ် လက်ရွေးစင်အမျိုးသားအသင်းဖွဲ့စည်းရန် လေးသင်းပတ်လည် လူရွေးပွဲများ ပြုလုပ်လျက်ရှိသည်။
လက်ရှိဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၉ လူငယ်လက်ရွေးစင်အသင်းအား ကစားသမားသစ်များ အင်အားဖြည့်တင်းရန် မြန်မာ ယူ - ၁၉ အသင်း၊ ယူ - ၁၈ State & Regional All Star အသင်း၊ MNL U-20 All Star အသင်း၊ Falcon အသင်းတို့အား ပတ်လည်ကစားစေခြင်းဖြစ်သည်။ လူရွေးပွဲ ပထမနေ့ကို ဇူလိုင် ၂၀ ရက်က ကျင်းပရာ မြန်မာ ယူ - ၁၉ အသင်းက ယူ-၁၈ State & Regional All Star အသင်းကို ငါးဂိုး - ဂိုးမရှိ၊ MNL U-20 All Star အသင်းက Falcon အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ လူရွေးပွဲ လက်ကျန်ပွဲများကို ဇူလိုင် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၂၇ ရက်တွင် မြန်မာ ယူ - ၁၉ အသင်းနှင့် Falcon အသင်း၊ ယူ-၁၈ State & Regional All Star အသင်းနှင့် MNL U-20 All Star အသင်း၊ ဇူလိုင် ၂၈ ရက်တွင် မြန်မာ ယူ-၁၉ အသင်းနှင့် MNL U-20 All Star အသင်း၊ Falcon အသင်းနှင့် ယူ-၁၈ State & Regional All Star အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF


