ရန်ကုန် ဇူလိုင် ၂၀

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားရှေ့တွင် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက အမှိုက်စွန့်ပစ်မှုဆိုင်ရာ ပြည်သူလူထုအသိပညာပေး အခမ်းအနား ကျင်းပသည်။

 

ဦးစွာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် စည်ပင်သာယာရေးဝန်ထမ်းများက အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ “လမ်းမပေါ်သို့ အမှိုက်စွန့်ပစ်ခြင်း၊ ကွမ်းတံတွေးထွေး ခြင်းကို စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည် စာသားပါ စတေကာများကပ်ပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးမင်းသိန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်ပြည့်ဖြိုး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယခရိုင်မှူး ဦးမောင်မောင်အေး ဦးဆောင်သော ခရိုင်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ(မရမ်းကုန်း)