ရန်ကုန် ဇူလိုင် ၂၀

 

အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၃၇)၏  သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနမှူးများ၊ ပညာဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် ပါမောက္ခချုပ်က အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းသို့ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများမှ သင်တန်းသား ၂၁၀၊ သင်တန်းသူ ၂၅၅ ဦး စုစုပေါင်း ၄၆၅ ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဇူလိုင် ၂၀ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်