နေပြည်တော် ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ ဇူလိုင် ၁၉ ရက်က (၁၂) ဘီး မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်မှုကြောင့် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၉ ရက် နံနက် ၈ နာရီခွဲတွင် ပန်းတနော်မြို့နယ် လှိုင်းတာကျေးရွာအနီး ရန်ကုန်-ပုသိမ်သွားကားလမ်း မိုင်တိုင်အမှတ် ၅၂ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပန်းတနော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မရမ်းကျေးရွာနေ ဇော်ထွန်းနိုင် (၄၀ နှစ်) မောင်းနှင်ပြီး ယာဉ်နောက်လိုက် တစ်ရွာတည်းနေ ဆန်းမြင့် (ခ) ကိုလတ် (၄၄ နှစ်) လိုက်ပါလာသော BGO-11 9J---- HINO PROFIA AW1EXW (၁၂) ဘီး ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း မော်တော်ယာဉ်အား ပေါ့လျော့စွာ မဆင်မခြင်မောင်းနှင်ခဲ့သူ ဇော်ထွန်းနိုင်အား ပန်းတနော်မြို့မရဲစခန်းက ယာဉ် (ပ) ၁၈/ ၂၀၂၆ ၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


