လန်ဒန်   ဇူလိုင်   ၂၀

ဗြိတိန်အာဏာရ လေဘာပါတီခေါင်းဆောင် အန်ဒီဘန်းဟမ်သည် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ လွှတ်တော်အမတ်တစ်ဦးဖြစ်သော ဘန်းဟမ်သည် ပါတီခေါင်းဆောင်နှင့် ရာထူးမှ ထွက်ခွာမည့် ဝန်ကြီးချုပ်  ကီယာစတာမာ၏  နေရာကို  ဆက်ခံရန် ဇူလိုင် ၁၇ ရက်က ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ၎င်းသည်  လေဘာပါတီလွှတ်တော်အမတ် ၉၀ ရာခိုင်နှုန်းကျော်အပြင် အခြားသူများ၏ ထောက်ခံမှုကိုလည်းရရှိခဲ့ပြီး ၎င်းနှင့်ယှဉ်ပြိုင်မည့် အခြားကိုယ်စား လှယ်မရှိခဲ့ပေ။

ဇူလိုင် ၂၀ ရက်တွင် လန်ဒန်မြို့ရှိ ဘက်ကင်ဟမ်နန်းတော်၌ ဘုရင်ချားလ်စ်(၃)က ဘန်းဟမ်ကို ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်ခဲ့ပြီး အစိုးရဖွဲ့စည်းရန် တာဝန်ပေးအပ်ခဲ့ပြီးနောက် ၁၀ နှစ်အတွင်း ဗြိတိန်၏ ခုနစ်ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာသည်။

ဝန်ကြီးချုပ်သစ်သည်  ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးနှင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုအပေါ် ပြည်သူများ၏ မကျေနပ်မှုများ ပိုမိုကျယ်ပြန့်လာနေချိန်တွင် တည်ငြိမ်သော အစိုးရအုပ်ချုပ်ရေးစနစ်ကို ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အသက် ၅၆ နှစ်ရှိ ဝန်ကြီးချုပ်သည် ၂၀၀၁ ခုနှစ်မှစ၍  ၁၆ နှစ်ကြာ  လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဂရိတ်မန်ချက်စတာ မြို့ပြဒေသ မြို့တော်ဝန်ဖြစ်လာခဲ့သည်။ ၎င်းသည် လွန်ခဲ့သည့်လက ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် နိုင်ငံရေးလောကသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။                           

အင်န်အိတ်ချ်ကေ