တောင်ကြီး ဇူလိုင် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်ရှိ နဝရတ်လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက် အမှုဆောင်သစ်ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အသင်း၏သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက ဆောင်ရွက်၍ အသင်းမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဥပဒေအသစ်နဲ့အညီ အဆိုပြုထောက်ခံစနစ်ဖြင့် အမှုဆောင်သစ်ရွေးချယ်ခဲ့ရာ တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ကတိသစ္စာခံယူခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အသင်း၏အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌသစ်က မိတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


