ဝေါ ဇူလိုင် ၂၂

 

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ကျင်းပသည့် မိုးရာသီ ရေဘေးကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျွဲတဲစုကျေးရွာ မိုးယွန်းကြီး-ဇွဲဘတ်တာ တာမိုင် (၈/၆) မိုးယွန်းကြီးရေပိုလွှဲအနီး၌ ယနေ့တွင် ကျင်းပသည်။

 

ဦးစွာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်အောင်က ရေဘေးကာကွယ်ရေးနှင့် သတိပြုရမည့်အချက်များကို တက်ရောက်လာသူများအား ရှင်းလင်း ဆွေးနွေးပြီး ရေးဘေးကာကွယ်ရေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို လက်တွေ့ပြသရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တိုးဝင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာအကျိုးပြု ဧရိယာအတွင်းရှိ ကျေးရွာများမှ ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)