တိုကျို  ဇူလိုင်  ၂၂

ဂျပန်နိုင်ငံ၏ မြောက်ဘက်အကျဆုံး  ဟော့ကိုင်းဒိုးပြည်နယ်ရှိ တိုကာချီမီးတောင်တွင် မီးတောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ ဇူလိုင် ၂၂ ရက် နံနက် ၁၁ နာရီ ၇ မိနစ်ခန့်တွင်  တောင်ထိပ် အနောက်မြောက်ဘက် တစ်ကီလိုမီတာခန့်အကွာရှိ မီးတောင်ပေါက်မှ အနက်ရောက်မီးခိုးများ ထွက်လာသည်ကို တွေ့ရှိခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ၏ ဆပ်ပိုရိုဒေသဆိုင်ရာရုံးက ပြောကြားခဲ့သည်။ အဆိုပါမီးခိုးတန်းသည် လေထဲသို့ မီတာ ၂၀၀   ခန့်အထိ   မြင့်တက်လာခဲ့သည်။

မီးတောင်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်ခဲ့သော တုန်ခါမှုများကို ၄၅ စက္ကန့်ကြာ ခံစားတွေ့ရှိခဲ့သည်။ ခိုလှုံရေးတည်းခိုဆောင်ရှိ စောင့်ကြည့်ရေး စခန်းတစ်ခုတွင်လည်း လေထုတုန်ခါမှုများကို မှတ်တမ်းတင်နိုင်ခဲ့သော်လည်း မီးတောင်မှ ကြီးမားသောအစိုင်အခဲပစ္စည်းများလွင့်စင်ကျရောက်လာခြင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ မီးတောင်ပေါက်အနီး မြေငလျင်လှုပ်ရှားမှုများ ပိုမိုဖြစ်ပွားလာသဖြင့် လွန်ခဲ့သောလက တိုကာချီမီးတောင်၏ သတိပေးအဆင့်ကို  အဆင့်-၂ သို့ မြှင့်တင်ခဲ့သည်။

အဆိုပါမီးတောင်သည် တိုင်ဆက်ဆုန်တောင်တန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင်  နောက်ဆုံးအကြိမ် မီးတောင်ပေါက်ကွဲခဲ့သည်။

အင်န်အိတ်ချ်ကေ