ရန်ကုန် ၂၈ မတ် 

 

ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း အစီအစဉ်အဖြစ် ဒါရိုက်တာ Pedro Almodovar ၏ All About My Mother ဇာတ်ကားအား မတ် ၃၁ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ အမှတ် (၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်းမှ ရုပ်ရှင်ပြခန်းမ၌ ပြုလုပ်မည်ဖြစ်သည်။

 

ထိုသို့လေ့လာခြင်းကို Cinematheque Program ၏ ကဏ္ဍခွဲတစ်ခုအဖြစ် (၁၄) ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာ အောင်မင်း က ဦးဆောင်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)