ဇူလိုင် ၂၃
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေ၃၁ ဦးအထိ မြင့်တက်လာကြောင်း All India Radio (AIR) က ယမန်နေ့က ပြောကြားခဲ့သည်။
အာသံပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ ရေဘေးသင့်ခရိုင် ၁၆ ခုတွင် လူဦးရေ ငါးသိန်းကျော် ထိခိုက်နေဆဲဖြစ်သည်ဟု သိရသည်။
ရေဘေးသင့်ခရိုင်များရှိ ကျေးရွာပေါင်း ၈၇၂ ရွာ ရေလွှမ်းမိုးခံရပြီး သီးနှံစိုက်ပျိုးမြေဟက်တာ ၂၄၂၁၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


