လပွတ္တာ ဇူလိုင် ၂၃

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချပေးနေမှုများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။

 

လပွတ္တာမြို့နယ် ထွေ/အုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်နှင့် လက်ကားကိုယ်စားလှယ်များ ပူးပေါင်းကာ မြို့‌ပေါ်ရပ်ကွက် ၁၀ ခုတို့မှ လက်လီဈေးဆိုင်များတွင် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ၊ မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ၊ မရှိ နှင့် ရရှိသော ဆီပိဿာချိန်များကို ပြည်သူများထံ အမှန်တကယ် ရောင်းချမှု ရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)