ရန်ကုန်     ဇူလိုင်      ၂၃

ဆေးတက္ကသိုလ်(၁)  ရန်ကုန်၏ နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသော   စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန၌ ကျင်းပသည်။

ပြိုင်ပွဲအား ဆေးတက္ကသိုလ်(၁) ရန်ကုန် ဒုတိယပါမောက္ခချုပ်က စစ်တုရင်ခုံပေါ်ရှိ စစ်တုရင်ရုပ်တစ်ခုကို စတင်ရွှေ့ပြီး ဖွင့်လှစ်ပေးသည်။

အဆိုပါပြိုင်ပွဲကို ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ ရာပြည့်အထိမ်းအမှတ်  (Centennial Commemoration) အဖြစ် ကျင်းပလျက်ရှိသော အားကစားပြိုင်ပွဲများ၏ အစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး ဆေးတက္ကသိုလ်(ရန်ကုန်)မှ ဆေးကျောင်းသား ကျောင်းသူနှင့် House Officers အပါအဝင်ပြိုင်ပွဲဝင် ၄၂ ဦး ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ရာပြည့်အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲသည် အားကစားစွမ်းရည် ယှဉ်ပြိုင်မှုတစ်ခုသာမက စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဗျူဟာချမှတ်နိုင်စွမ်း၊ စိတ်ရှည်သီးခံနိုင်စွမ်းနှင့် အားကစားစိတ်ဓာတ်တို့ကို မြှင့်တင်ပေးမည့် အဓိပ္ပာယ်ပြည့်ဝသော အခမ်းအနားတစ်ရပ်ဖြစ်ကြောင်း သိရသည်။

ကျော်ကြီး