လွိုင်ကော် ဇူလိုင် ၂၅

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးများနှင့်အတူ လွိုင်ကော်မြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်နှင့် မြို့နာမ်စေတီတော်၌ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် စည်ပင်သာယာရေးဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။ 

 

ထို့နောက် ပြည်နယ်ပြည်သူ့ ဆေးရုံကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများက ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ Concrete Pave Shoulder လုပ်ငန်းဆောင်ရွက်နေမှု၊ ထေးသမရပ်ကွက် ဒွေးမယ်နော်လမ်းနှင့် ကျောင်းသားကွင်းလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ချိကယ်ဘုန်းတော်ကြီးကျောင်း၌ ယာယီနေထိုင်၍ ကျောင်းတက်ရောက်နေသည့် ဒေါတချား (ကယား) နှင့် ဒေါတချား (ပအိုဝ်း) ကျေးရွာမှ ကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး ဆောင်ရွက်ပေးထားသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)