လက်ပံတန်း ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ မအူကုန်းရပ်ကွက် အောင်ရိပ်သာ ကျောင်းဓမ္မာရုံ၌ ယမန်နေ့က မီးရထားဥပဒေနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်ကျော်လွင်နှင့် အထူးတန်းရုံပိုင်ကြီး ဦးအေးမင်းဦးတို့က ရထားလမ်းဝန်းကျင်နေထိုင်သူ မြန်မာ့မီးရထားခရီးသွားပြည်သူများအနေဖြင့် တားမြစ်ထားသည့် လမ်းကူးများမှ စည်းကမ်းမဲ့လမ်းဖြတ်ကူးခြင်း၊ မီးရထားသံလမ်းပေါ်သို့ ကျောက်ခဲတစ်စုံတစ်ရာတင်ခြင်း၊ မီးရထားပေါ်သို့ ရွှံ့စေးကျောက်ခဲတို့ဖြင့် ပစ်ပေါက်ခြင်းများ မပြုလုပ်ရန်နှင့် မီးရထားလမ်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


