ရန်ကုန် ဇူလိုင် ၂၆

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း (သုဝဏ္ဏ) သီရိသုဝဏ္ဏပညာခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းဆင့်သင် (အတွေ့အကြုံရှိ) ဆရာ/ဆရာမ များအတွက် ဆရာအတတ်ပညာ တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) level 2 ဆိုင်ရာ အရည်အသွေးမြှင့် ခရိုင်အဆင့်(ဆင့်ပွား) ဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲကို ယမန်နေ့ နံနက် ၈နာရီခွဲက ကျင်းပသည်။

 

ဦးစွာ သင်္ဃန်းကျွန်းခရိုင် ပညာရေးမှူး ဒေါ်စုစုခင်က အမှာစကား ပြောကြားပြီး အခမ်းအနားဖွင့်လှစ်သည်။ အခမ်းအနားသို့ မြို့နယ် ပညာရေးမှူးများ၊ သင်တန်း ကြီးကြပ်နှင့်နည်းပြ ဆရာ/ဆရာမ ခုနစ်ဦး၊ သင်္ဃန်းကျွန်းမြို့နယ်၊တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်း မြို့နယ်နှင့် တာမွေမြို့နယ်တို့မှ ဆရာ/ဆရာမ ၂၀၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်ထိ သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)