လှည်းကူး ဇူလိုင် ၂၆

 

လှည်းကူးမြို့နယ်၌ ခွေးရူးပြန်ရောဂါ ကာကွယ်တိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အင်းတိုင်ကျေးရွာ မင်္ဂလာဇေယျုံဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်း၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝါဝါအုန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါ်နန်းခိုင်ဇာဝင့်ငြိမ်းတို့က ခွေးရူးပြန်ရောဂါအကြောင်း အသိပညာပေးရှင်းလင်းခြင်းနှင့် ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အင်းတိုင်ကျေးရွာရှိ ခွေးကောင်ရေ ၁၁၆ ကောင်အား ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အိရွှေစင်လတ်