စေတုတ္တရာ ဇူလိုင် ၂၆

 

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ဝဿန်ဦး ငွေစုငွေချေးအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ် လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ် တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သမ ဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဝဿန်ဦးငွေစုငွေချေး သမဝါယမအသင်း လီမိတက် သဘာပတိ အသင်းဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့် မြို့နယ်သမ ဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်တို့က အမှာစကား ပြောကြားသည်။ ထို့နောက် အသင်းအမှုဆောင် ဦးအောင်မြင့်တင်နှင့် ဦးခင်မောင်ရီတို့က အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ် ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြား၍ အသင်းသားကိုယ်စားလှယ်များ၏ ဆန္ဒရယူ၍ သဘာပတိမှ အတည်ပြုခဲ့ပြီး အသင်းသားများစုဆောင်း ငွေအပေါ် အတိုးများ ပေးအပ်သည်။

 

ယင်းနောက် အမှုဆောင်ဒါရိုက်တာအဖွဲ့ ငါးဦးနှင့် အသင်း စာရင်းစစ် နှစ်ဦးတို့ကို ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရသည်။

 

ဆန်းကိုကို(ပြန်/ဆက်)