ဇူလိုင် ၂၇

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ အမြန်လမ်းမကြီးပေါ်တွင် ခရီးသွားဘတ်စ်ကားနှစ်စီးအပါအဝင် ယာဉ်ငါးစီးပါဝင်သည့် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားပြီးနောက် လူတစ်ဒါဇင်ကျော်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါမတော်တဆမှုသည် အိုတာစီရင်စု ယူဖူမြို့ရှိ အိုတာအမြန်လမ်းမကြီး၏ အပြင်ဘက်လမ်းကြောင်းပေါ်တွင် ဒေသစံတော်ချိန် နံနက် ၁၁ နာရီမတိုင်မီ အချိန်အနည်းငယ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူအားလုံး စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်းနှင့် မတော်တဆမှုဖြစ်ပွားသည့် အကြောင်းရင်းနှင့် အခြေအနေများကို ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို