ဇူလိုင် ၂၇
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နူရီစတန်ပြည်နယ်တွင် မကြာသေးမီက ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခဲ့ရသော မိသားစု ၅၀၀ ခန့်သည် အရေးပေါ်အစားအစာနှင့် အခြားသော အကူအညီများ ရရှိခဲ့ကြောင်း ထိုပြည်နယ်အစိုးရက ယနေ့တွင် ပြောကြားခဲ့သည်။
အစိုးရအေဂျင်စီများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများက အကူအညီများ ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများ ပိုမိုရောက်ရှိလာရန် မျှော်လင့်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
နူရီစတန်ပြည်နယ်၏ မြို့တော် ပါရန်တွင် ဇူလိုင်လ ၂၀ ရက်နေ့က ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၅ ဦး သေဆုံး၊ ၁၂၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


