နတ်မောက်   ဇူလိုင် ၂၇

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်တွင်၂၀၂၆-၂၀၂၇ဘဏ္ဍနှစ်၌မိုးစပါး( ၂၄၉၉၉)ဧကလျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူထံကသိရသည်။

နတ်မောက်မြို့နယ်တွင်မိုးစပါးစိုက်ပျိုးရေးကိုဆည်ငယ်ကန်ငယ်နှင့်အစိုးရဆည်ရေသောက်ကန်တို့မှရ ရှိသည့်ရေများဖြင့်မိုးစပါးတစ်ဧကပန်းတိုင်အထွက်နှုန်းတင်း၁၀၀ထွက်ရှိရေးနှင့်အရည်အသွေးကောင်းမွန်ရေးအတွက်မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊စိုက်စနစ်မှန်စိုက်ပျိုးခြင်း၊ပျိုးထောင်ခြင်း၊သွင်းအားစုစနစ်တကျထည့်သွင်းအပင်ပြုစုခြင်း၊လုပ်ငန်းများကိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိရာဘောင်စနစ်ဖြင့်(၃၁၄၅)ဧကပျိုးထောင်ထားရှိခဲ့သည်။

နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိဝန်ထမ်းများကကျေးရွာများအရောက်တောင်သူများနှင့်တွေ့ဆုံကာသိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များနှင့်အညီစိုက်ပျိုးဆောင်ရွက်ရန်ပညာပေးခြင်း၊သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာကိုအချိုးကျတွဲဘက်အသုံးပြုတတ်စေရန်ပညာပေးခြင်းနှင့်သဘာဝပိုးသတ်ဆေးများပိုမိုအသုံးပြု‌ ဆောင်ရွက်လာနိုင်စေရေးတို့အတွက်ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။