ရန်ကုန်     ဇူလိုင်     ၂၇

နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ လူငယ် လက်ရွေးစင်အသင်း ဖွဲ့စည်းရန် လူရွေးပွဲ ဒုတိယနေ့ကို ဇူလိုင် ၂၇ ရက် ညနေပိုင်းက သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ ကျင်းပသည်။

လူရွေးပွဲကို  လေးပွင့်ဆိုင်  ကျင်းပလျက်ရှိပြီး မြန်မာ ယူ-၁၉ အသင်းက Falcon အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ MNL U-20 All Star အသင်းက U-18 State & Regional All Star အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ဒုတိယနေ့အပြီးတွင်  မြန်မာ ယူ-၁၉ အသင်းနှင့်  MNL U-20 All Star အသင်းက နှစ်ပွဲ စလုံး အနိုင်ရရှိကာ ခြောက်မှတ်စီရရှိထားပြီး  Falcon အသင်းနှင့်  U-18 State & Regional All Starအသင်းတို့မှာမူ အမှတ်မရသေးပေ။ ဇူလိုင် ၂၀ ရက်က ကျင်းပ သည့် လူရွေးပွဲ ပထမနေ့တွင်  မြန်မာ ယူ-၁၉ အသင်းက  ယူ-၁၈ State & Regional All Star အသင်းကို ငါးဂိုး-ဂိုးမရှိ၊  MNL U-20 All Star အသင်းက Falcon အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

လူရွေးပွဲ နောက်ဆုံးနေ့အဖြစ် ဇူလိုင် ၂၈ ရက်တွင်  မြန်မာ  ယူ-၁၉  အသင်းနှင့်   MNL U-20 All Star  အသင်း၊  Falcon  အသင်းနှင့်  ယူ-၁၈ State & Regional All Star အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                          

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - MFF