ရန်ကုန် ဇူလိုင် ၂၇

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ သမဝါယမအသင်းမှ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ကြက်ဥများ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုလိမီတက်၏ ကုန်မျိုးစုံဆိုင်တွင် ရောင်းချပေးလျက်ရှိသည်။

 

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်သမဝါယမအသင်းစုလိမီတက်အသင်းမှ အများပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများ ဝယ်ယူနိုင်ရေးအတွက် ကြက်ခြံများသို့ သွားရောက်၍ ကြက်ဥများအား ဝယ်ယူကာ မြို့နယ်အတွင်းရှိ ပြည်သူများအား ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၅၅၀ နှုန်းဖြင့် ကြက်ဥအလုံးရေ ၁၂၀၀၀ ကို ရောင်းချပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ပြည်သူများအား မည်သူမဆို လိုအပ်သလောက် ဝယ်ယူနိုင်ရေးအတွက် တာဝန်ရှိသူများက စနစ်တကျ ဖြန့်ဝေရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)