ရန်ကုန် ဇူလိုင် ၂၇
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားတံခွန် စိုက်ဆုဖလား၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားတို့ကို ထိုက်တန်စွာဆွတ်ခူး ရရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအသင်းက အမျိုးသားတံခွန်စိုက်ဆုဖလား (ရွှေ ခုနစ်ခု၊ ငွေတစ်ခု)၊ အမျိုးသမီး တံခွန်စိုက်ဆုဖလား(ရွှေငါးခု၊ ကြေး လေးခု)တို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားကြီးကို ထိုက်တန်စွာဆွတ်ခူးရရှိခဲ့သည်။ ထို့ပြင် အမျိုးသားအကောင်းဆုံးအားကစားသမားဆုကို (၄၈-၅၁) ကီလိုတန်းမှ ထွန်းလင်းအောင်(ရန်ကုန်)ကလည်းကောင်း၊ အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုကို (၄၃-၄၆) ကီလိုတန်းမှ ဒီမြာ(ကယား)ကလည်းကောင်း ရရှိခဲ့သည်။
အမျိုးသားအတိုက်ပြိုင်ပွဲများတွင် (၅၁-၅၄) ကီလိုတန်း၌ ခန့်ထူးလျှံမိုးနေ(ရန်ကုန်)က ပထမ၊ ထက်ဝေယံကျော် (ပဲခူး)က ဒုတိယ၊ အောင်ကျော်ဇင် (ချင်း)နှင့် စွမ်းထက်ဦး (မွန်)တို့က ပူးတွဲတတိယရရှိခဲ့ကြသည်။ (၄၈-၅၁) ကီလိုတန်းတွင် ထွန်းလင်းအောင် (ရန်ကုန်)က ပထမ၊ ထက်မြတ်ထွန်း (မွန်)က ဒုတိယ၊ ရဲသီဟလင်း (ချင်း)နှင့် ဖြိုးပြည့်စုံ (နေပြည်တော်)တို့က ပူးတွဲတတိယရရှိခဲ့ကြသည်။
အမျိုးသမီး အတိုက်ပြိုင်ပွဲများတွင် (၄၃-၄၆)ကီလိုတန်းမှ ဒီမြာ(ကယား)က ပထမ၊ ယမင်းသော်တာ(မန္တလေး) က ဒုတိယ၊ ယွန်းပိုးအိမ်(မွန်)နှင့် ဆုရည်ထက် (ဧရာဝတီ)တို့က ပူးတွဲတတိယရရှိခဲ့ကြသည်။ (၄၉-၅၃) ကီလိုတန်းတွင် ဆုလေပြေထွန်း(ရှမ်း)က ပထမ၊ အေးမြတ်သူ (ကရင်)က ဒုတိယ၊ ကျိန်ရှန်စံ(စစ်ကိုင်း)နှင့် ဂျူးဂျူးစံသာ(နေပြည်တော်)တို့က ပူးတွဲတတိယရရှိခဲ့ကြပြီး (၄၀-၄၃) ကီလိုတန်းတွင် သူသူဟန်(ရန်ကုန်)က ပထမ၊ ဖိုးမြား(ရှမ်း)က ဒုတိယ၊ မင်းမင်းဟေမာန် (ကရင်)နှင့် ချမ်းမြေ့စံ(ချင်း)တို့က ပူးတွဲတတိယရရှိခဲ့ကြသည်။
အမျိုးသားတစ်ဦးချင်း ကကွက်ပြိုင်ပွဲတွင် သန့်စင်သူ(မွန်)က ရွှေ၊ ထူးအောင်လင်း(ရခိုင်)က ငွေ၊ အောင်ခေတ်ပိုင်(နေပြည်တော်)နှင့် ပြည့်စုံလင်း (မန္တလေး)တို့က ပူးတွဲကြေးရရှိခဲ့ကြပြီး အမျိုးသမီးတစ်ဦးချင်းတွင် မေယွန်းဖြူ(ချင်း)က ရွှေ၊ ကြည်စင်လင်းသူ (ရခိုင်)က ငွေ၊ လင်းသန့်ရတီလတ် (စစ်ကိုင်း) နှင့် ဝသာန်မိုး(ရန်ကုန်)တို့က ပူးတွဲကြေးတံဆိပ်ဆု ရရှိခဲ့ကြသည်။
အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲ ကကွက်ပြိုင်ပွဲတွင် လင်းလွန်းတံခွန်-လင်းလက်ကြယ်ဖြူ(ရန်ကုန်)အတွဲက ရွှေ၊ ဟိန်းယံထွန်း-နောဧပြီဖော(ရှမ်း)အတွဲက ငွေ၊ ခန့်တည်ကြည်ထိုက်-သိမ့်နိုနိုသော်(ဧရာဝတီ)အတွဲနှင့် ထူးအောင်လင်း-ကြယ်စင်လင်းသူ(ရခိုင်) အတွဲတို့က ပူးတွဲကြေး တံဆိပ် ရရှိခဲ့ကြသည်။
အမျိုးသားအသင်းလိုက် ကကွက်ပြိုင်ပွဲတွင် လင်းလွန်းတံခွန်နှင့်အဖွဲ့(ရန်ကုန်)က ရွှေ၊ မြင့်မြတ်ရွှေနှင့် အဖွဲ့(ကရင်)က ငွေ၊ ပြည့်စုံလင်းနှင့်အဖွဲ့(မန္တလေး)နှင့် စိုင်းလင်းစိုးနှင့် အဖွဲ့(ကယား)တို့က ပူးတွဲကြေးတံဆိပ်ဆုတို့ကို ရရှိခဲ့ပြီး အမျိုးသမီးအသင်းလိုက် ကကွက်ပြိုင်ပွဲတွင် ဝသာန်မိုးနှင့်အဖွဲ့ (ရန်ကုန်)က ရွှေ၊ မျိုးဟေသီထွန်းနှင့်အဖွဲ့(ဧရာဝတီ)က ငွေ၊ ရွှေလင်းခိုင်နှင့်အဖွဲ့(ကယား)နှင့် သက်ထားသူဇာနှင့်အဖွဲ့(မွန်)တို့က ပူးတွဲကြေးတံဆိပ်ဆုတို့ကို အသီးသီးရရှိခဲ့သည်။
အမျိုးသားတစ်ဦးချင်း Free Style ကကွက်ပြိုင်ပွဲတွင် အောင်မင်းဦး(ရန်ကုန်)က ရွှေ၊ စိုင်းလင်းဦး (ကယား)က ငွေ၊ မြတ်သစ်ကျော်(ဧရာဝတီ)နှင့် သော်ကိုလင်း(မကွေး)တို့က ပူးတွဲကြေးတံဆိပ်ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးချင်း Free Style ကကွက်ပြိုင်ပွဲတွင် သက်ထားသူဇာ(မွန်)က ရွှေ၊ ဧကရီမောင်(ချင်း)က ငွေ၊ ကေဇင်သွယ်(ဧရာဝတီ)နှင့် နန်းမေဝတီကျော်(နေပြည်တော်)တို့က ပူးတွဲကြေးတံဆိပ်တို့ကို အသီးသီးရရှိခဲ့ကြသည်။
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၁၅ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
နေမျိုး၊ ဓာတ်ပုံ-နိုင်လင်း


