နေပြည်တော် ၂၈  မတ်

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme-UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူ Mr. Peter Batchelor ယနေ့ နံနက်  ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် Mr. Peter Batchelor က ၎င်း၏ခန့်အပ်လွှာကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်သည်။

ယင်းနောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၈-၂၀၂၂) အရ၊ ငြိမ်းချမ်း ရေးနှင့် အုပ်ချုပ်မှုစွမ်းဆောင်ရည် မြှင့်တင်ရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု၊ တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးအပါအဝင် နယ်ပယ်များတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ရခိုင်ပြည်နယ်၌ ဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့်စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

(သတင်းစဉ်)

 

mdn