ရန်ကုန် ၂၈ မတ်

ရွှေတိဂုံစေတီတော်ဘဏ္ဍတော်ထိန်း ဂေါပကအဖွဲ့က ကျင်းပသော  ၅၇၁ ကြိမ် မြောက် အလှုတော်ငွေလှူဒါန်းပွဲနှင့် အလှုရှင်များအား ထုတိ အနုမောဒနာ ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက စေတီတော်ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်းဆောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် အလှုရှင်များက အလှုတော်ငွေများ ပေးအပ်လှုဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

mdn

 

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဂေါပကအဖွဲ့ သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ်ညောင်တုန်း ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂ မဟာပဏ္ဍိတ ၊အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တ  ပဝရာ ဘိဝံသ ထံမှ ဂေါပက အဖွဲ့ဝင်နှင့် အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရား နာယူကြသည်။

ယနေ့ပြုလုပ်သော အလှုတော်ငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော် (ရွှေပြား) အလှုရှင် ၁၈၇ ဦး က ရွှေပြားပေါင်း ၁၉၃ချပ် လှူဒါန်းခဲ့ကြပြီး ငွေသားအလှုရှင် ၃ ဦး အပါအဝင် လှုဒါန်းငွေ စုစုပေါင်း ကျပ် ၁၉၅၄,၇၅,ဝ၀ဝ ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

 

mdn