၂၉ မတ်
ဂျပန်နိုင်ငံ၌ အိမ်တွင်းအကြမ်းဖက်မှု အရေအတွက်မှာ ပြီးခဲ့သည့် နှစ်အတွင်း ၅၀ဝ၀ဝ ကျော်ထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများက ပြီးခဲ့သည့် နှစ်အတွင်း အိမ်တွင်းအကြမ်းဖက်မှု ၅၁၁၇၂ မှုအတွက် သတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း အမျိုးသားရဲတပ်ဖွဲ့ အေဂျင်စီက ပြောကြားသည်။ အဆိုပါ အရေအတွက်ပမာဏမှာ ပြီးခဲ့သည့်နှစ် ၂၀၁၇ ခုနှစ်က အရေအတွက်ထက် ၇၀ဝ၀ ကျော် ပိုများလာခဲ့ပြီး ၂၀ဝ၁ ခုနှစ်တွင် အိမ်တွင်း အကြမ်းဖက်မှု တားဆီးရေးဥပဒေ အသက်ဝင်ခဲ့ပြီးချိန်နောက်ပိုင်း အမြင့်ဆုံးအရေအတွက် ဖြစ်လာခဲ့သည်။
ဂျပန်ရဲတပ်ဖွဲ့က အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သက်သော စုံစမ်းမေးမြန်းမှုနှင့် အစီရင်ခံစာ ၇၇၄၈၂ ခု စံချိန်တင် လက်ခံခဲ့ရသည်။ ကလေးသူငယ်များမှာလည်း အလွဲသုံးစားပြုလုပ်ခံရသူများ ဖြစ်လာကြသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အသက် ၁၀ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးကို တိုကျိုမြို့တော်အနီး၊ ချီဘာ စီရင်စု၊ နိုဒါမြို့တော်ရှိ ၎င်းနေထိုင်ရာအိမ်၌ သေဆုံးလျက်တွေ့ရှိခဲ့သည်။
ဒေသန္တ ရအစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် အဆိုပါမိန်းကလေးငယ်မှာ ဖခင်ဖြစ်သူ၏ ရုပ်ပိုင်းဆိုင်ရာအ ရ အလွဲသုံးစားပြုမှုကို ခံခဲ့ရသည်ဟု မိခင်ဖြစ်သူထံမှ သတင်းများရရှိခဲ့သည်။ အိမ်တွင်းအကြမ်းဖက်မှုနှင့် က လေးသူငယ်များကို အလွဲသုံးစားပြုလုပ်ခြင်းမှာ မိသားစုတစ်ခုတည်းတွင် တစ်ခါတစ်ရံ ဖြစ်ပွားနိုင်ကြောင်း ရဲ တပ်ဖွဲ့က ပြောကြားသည်။
ဂျပန်ရဲတပ်ဖွဲ့က ကလေးသူငယ်များကို အလွဲသုံးစားပြုလုပ်ခြင်းမှ ကာကွယ်တားဆီးရန် ကလေးသူငယ် စောင့်ရှောက်ရေးဌာနများ၊ ဒေသန္တရအသိုင်းအဝိုင်းများနှင့် အနီးကပ် လက်တွဲလုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်။
ကိုးကား-အန်အိတ်ကေ
ဘာသာပြန်-မေဇော်ထက်