ညောင်ဦး  ၂၉ မတ်

ညောင်ဦးခရိုင် ညောင်ဦးမြို့မှ (၅)မိုင်အကွာ ညောင်ဦး-မြင်းခြံ-ပခုက္ကူကားလမ်းမကြီးမြောက်ဘက် ဧရာဝတီမြစ် ကမ်းဘေးတွင် ပလင်းကမ်းသာယာဆင်စခန်းကို ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်တွင် မြန်မာ့ဆင် အခြေပြုခရီးသွား လုပ်ငန်းအဖြစ်ဖော် ဆောင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

 

mdn

 

အဆိုပါ ဆင်စခန်းတွင် ဆင်(၈)ကောင်ရှိပြီး တစ်နှစ်အတွင်း ပလင်းကမ်းသာယာဆင်စခန်းသို့လာ ပြည်တွင်းပြည်ပ ခရီးသွာဝင်ရောက်မှုမှာ (၆၇၈၅၆)ဦးဝင်ရောက်ခဲ့သည်။ ထို့အပြင် ဆင်စခန်းသို့ ဝင်ရောက်သည့် ပြည်တွင်းပြည်ပ ခရီးသွားများ ဝင်ငွေ (၇၆၆၈၉၀ဝ၀)ကျပ်နှင့် ပြည်တွင်းပြည်ပ ခရီးသွားများ ဆင်စီးခရငွေကျပ် ၃၇၈၆၇၀ဝ၀ ရရှိကြောင်း ဆင်စခန်း တာဝန်ခံလက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုထံမှ သိရသည်။

 

mdn

 

ပလင်းကမ်းသာယာဆင်စခန်းအား စစ်ကိုင်းတိုင်းဒေသကြီး ချင်းဖောင်ဖွဲ့ရေးဒေသ မြန်မာ့သစ်ထုတ်ရေး ညောင်ဦး ဖောင်ဖွဲ့ရေးနယ် ပုလင်းကျေးရွာအနီးတွင် ဖွင့်လှစ်ထားရှိပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ လာရောက် ဘုရားဖူးကြသည့် ပြည်တွင်းခရီးသွားဧည့်သည်များ၊ ပြည်ပဧည့်သည်များဖြင့် အမြဲစည်ကားနေကြောင်း တစ်နှစ်အတွင်း ဆင်စခန်းသို့ လာရောက်သည့် ခရီးသွားဧည့်သည်များနှင့်ဆင်စီးခများ၊ ဆင်စာရောင်းချခြင်းမှ ရရှိငွေ စုစုပေါင်းမှာ ငွေကျပ် ၁၁၄၅၅၆၀ဝ၀  ရရှိကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

 

mdn